Monday, June 4, 2012
ကိုကျော်ကျော်ထွေး(ခ) ကိုမာကီနဲ့ မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား....
ကိုကျော်ကျော်ထွေး(ခ) ကိုမာကီ နှင့် မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားအား ယနေ့ ၃-၆-၁၂ ညနေ့ ၅း၀၀မှ ၇း၀၀အထိ ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမှာ ပြုလုပ်ခဲ့ပါတယ်..။
နိုင်ငံရေးနယ်ပယ်မှ ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်တဲ့အတွက် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တတ်ရောက်ကြပါတယ်..။ အဖွဲ့ချုပ်နာယက ဘဘတင်ဦးနဲ့ ဘဘ၀င်းတင်တို့ တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်များ အားလုံး တက်ရောက်ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်များ၊ NLD(BG) အဖွဲ့ဝင်များ၊ မဇ္ဈိမလှိုင်း ကိုရဲလွင်နှင့် အဖွဲ့ဝင်များ လူမှုရေးနယ်ပယ်က မဖြူဖြူသင်းတို့ အမေသီတာဝင်းအောင်တို့နှင့် အဖွဲ့ချုပ် လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြပါသည်..။ မင်္ဂလာခန်းမ ပြည့်လျှံသည့်အထိ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်မှ မိတ်ဆွေ သင်္ဂဟများ တက်ရောက်ခဲ့ကြပါသည်။
သတင်း၊ ဓာတ်ပုံ ညီငယ် လင်းဆက်
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ထမ်းဆောင်နေကြတဲ့ ကိုကျော်ကျော်ထွေး(ခ)ကိုမာကီနဲ့ မစုစုနွေး(ခ)မနွယ်နွယ်ဝင်းတို့ မင်္ဂလာနှစ်တရာတိုင်ပြီး တိုင်းပြည်အကျိုး ဆက်လက် သယ်ပိုး ထမ်းရွက်နိုင်ပါစေ..
ဒီမိုဝေယံ
"အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြထုတ်ဖော် သွားမည်" ဆိုသည့် ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ ယနေ့ လှည်းတန်းမီးပှိုင့်မှာ ဝေငှနေသည့်စာ.....
ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာသည့် ပေးစာ တစောင်မှာ (၃.၆.၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်းမီးပွိုင့်တွင် ဖားပြုတ်မျက်နှာနှင့် လူတစ်ယောက်
စာများ လိုက်ဝေနေပါသည်။ ယခုစာအား ပေးပို့လာသူမှာ ထိုစာကို ဖတ်ပြီးသည့် အချိန်မှ စပြီး ခုချိန်ထိအောင် စာအဆိပ်သင့် ဖြစ်နေရတယ်လို့ ရေးသားလာပါတယ်..) ထိုစာသည်
ငါးမင်းဆွေ (ဒေ၀ဒတ်လက်သစ်) ရေးသားထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စိန်ခေါ် ပုတ်ခတ်ထားသည့် စာဖြစ်တယ်လို့ ဆိုပါတယ်..။
စာပါ အကြောင်းအရတွေ ကတော့ ပြီးခဲ့တဲ့ World Economic Forumမှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များအား ဝေဖန် ပြောဆိုချက်များ ပါဝင်ပြီး။ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံဆွေးနွေးလိုကြောင်း ရေးသားဖော်ပြ ထားပြီး ဇူလိုင်လ(၂၁)ရက်နေ့ အထိ အကြောင်းပြန်ကြားခြင်း မရှိပါက အဖွဲ့ချုပ်ရုံးရှေ့မှာ အစာငတ်ခံ ဆန္ဒပြမယ်လို့ ဆိုပါတယ်..။
ငါးမင်းဆွေ(ခ) နွားမင်းဆွေရဲ့ အထက်ပါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အသရေ ဖျက်စာများ လူထုကြားထဲမှာ လိုက်လံ ဝေငှနေမှုများအား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူခြင်း မသိကျိုးကျွန် လျစ်လျှူရှု ပြုနေခြင်းဟာ စဉ်းစားစရာ အချက်ဖြစ်နေပြီး နောက်ကွယ်မှ အဖွဲ့အစည်းတခုခုမှ ထောက်ခံအားပေး နေသည်အလား ထင်မှတ်ရပေသည်။ ယခုကဲ့သို့ ငါးမင်းဆွေ၏ လုပ်ရပ်သည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နေပါသည်ဆိုသည့် လက်ရှိအစိုးရအားလည်း ထင်ယောင်ထင်မှား ဖြစ်စေမည့် သိက္ခာကျစရာ လုပ်ရပ် ဖြစ်နေပေသည်..။ ပြီးခဲ့တဲ့ နှစ်များကလည်း ဂျာနယ်တစောင်မှ ၎င်းအား တုံ့ပြန်ရေးသားမှုနှင့် ပတ်သက်ပြီး တောင်းပန်ခြင်း မရှိပါက အစာငတ်ခံ ဆန္ဒပြမည်ဟု ကြေငြာချက် ထုတ်ခဲ့ဘူးသည်...။
ငါးမင်းဆွေ(ခ) နွားမင်းဆွေ၏ သရုပ်မှန်အား ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2010/12/blog-post_9141.html

Sunday, June 3, 2012
တရုတ် စီးပွားရေး တုန့်ဆိုင်းမှု (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
တရုတ်ရဲ့ တကောင်းတောင် နီကယ်စီမံကိန်း လုပ်ငန်းခွင်တခု
ဒီဆောင်းပါးလေးက မေလ-၂၁-ရက်နေ့ Money Morning.com.au အင်တာနက်ပေါ်က ဆောင်းပါးကို ဘာသာပြန်ပြီး ဘာသာပြန်သူရဲ့ အမြင်လေးတချို့ကို (ဖြည့်စွက် အနီလိုင်းတားပြီး) စာဖတ်ပရိသတ် အတွက် ဖေါ်ပြလိုက်တာပါ။ တရုတ်စီးပွားရေးဟာ အင်မတန်ကြီးမားတဲ့ သင်္ဘောကြီးတစ်စီး ထိုးရပ်လိုက်တာနဲ့ အလွန်တူပါတယ်။ တရုတ်စီးပွားရေးမှာ ဘရိတ်ကလေး နဲနဲ အုပ်လိုက်တာနဲ့ တကမ္ဘာလုံး စီးပွားရေးတွေ ကမောက်ကမ ဖြစ်သွားနိုင်လို့ သတိလေးတွေထားကြဖို့ ရေးလိုက်ရတာပါ ။
A SHOCKING WEEK FOR CHINA
Melbourne, Australia, by Dr. ALex Crowie
Melbourne, Australia, by Dr. ALex Crowie
တရုတ်ပြည်က စီးပွားကိန်း ဂဏန်းလေးတွေက သူတို့စီးပွားရေး အနေအထားလေးကို လှစ်ဟပြလာပါတယ်။ ယူရိုစီးပွားရေးဇုံ ထဲကနေ ဂရိနိုင်ငံ ထွက်သွားဖို့  အခြေအနေတွေ များလာလေ ယူရိုဈေးကွက် ပြိုကွဲလာနိုင်ခြေ များလာလေ တရုတ်စီးပွားရေးလဲ ဇတ်ကိုတုန့်ကနဲ ဆွဲတန့်လိုက်သလို တန့်သွားပါတယ် ။
ကျနော့်မိတ်ဆွေတစ်ဦးဟာ အာရှမှာ ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းကြီး တခုမှာလုပ်နေသူရှိပါတယ်။ သူက တရုတ်ပြည်ဘက်ကို အချက်အလက်ရှာဖွေးရေး ခရီးထွက်နေပါပြီး သတ္တုလုပ်ငန်းရှင်ကြီးတွေ ကုန်သွယ်မှု လုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်သည်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ သူ့ကိုဘာ အချက်အလက်များ ပြောပြနိုင်မလဲ မေးလိုက်ပါတယ်။ သူက (တရုတ်ပြည် အခြေအနေကတော့ မကောင်းတော့ဘူး။ ဒါပေမယ့် အများစုကတော့ ဒီလောက် အပြောင်းအလဲ သေးသေးလေးကို ခပ်ပေါ့ပေါ့ဘဲ သဘောထားကြပါတယ်)။
သတင်းကောင်းတခုအနေနဲ့ ကတော့ ယခုနစ် ပထမ ( ၃-လ )ပတ် မှာ တရုတ်စီးပွားရေး တိုးတက်မှုနုံးက ယခင်နှစ်ကထက် (၈.၁ -%) တိုးနေတာပြနေပါတယ်။ သင်ဟာ ကိန်းဂဏန်းတွေကို ကြည့်ပြီး သုံးသပ်နေမယ်ဆိုရင်တော့ ဒါဟာ အားရစရာပါဘဲ။
ဒါပေမယ့် တရုတ်စီးပွားရေးမှာ တကယ့် အဖြစ်မှန်က ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို သတိထား ကြည့်လိုက်မယ်ဆိုရင် အချို့အချက် အလက်လေးတွေကို သတိမူလိုက်မယ်ဆိုရင် နက်ဖန် စီးပွားရေး ကိန်းဂဏန်းတွေ ဘယ်လို ပြနေမယ်ဆိုတာကို လ-ချီပြီး ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။ (အရိပ်ပြတာနဲ့  အကောင်မြင် လို့ ဆိုလိုပုံရပါတယ်)
တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှု နှုန်းထား/ ဘဏ်ချေးငွေ ထုတ်ယူမှုနှုန်း/ အိမ်ယာ ခြံမြေဈေးကွက် ကိုကြည့်ရင် ဒါတွေကတော့ မကောင်းတော့ဘူး။
သဲလွန်စလေးတွေကို ကြည့်တတ်မယ် ဆိုရင် ပေါ်နေပါတယ်။ တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို မြင်အောင်ကြည့်ဖို့က ခက်ခဲပါတယ်။ (အမှောင်ချထားသလို မဲမှောင်နေပါမယ်) တိုင်းပြည်တခုမှာ ကုန်ထုတ်လုပ်မှု တိုးတက်ဖို့ ဆိုတာက လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှုက ပူးတွဲတိုးတက်မှု ရှိနေရပါမယ်။ တရုတ်ရဲ့ လျှပ်စစ်တိုး ထုတ်လုပ်မှုက မတိုးတက်ဘဲ စီးပွားရေး တိုးတက်နေပါတယ်လို့ ပြောလို့မရပါဘူး။ တိုင်းပြည်တခုရဲ့ တိုးတက်မှုနှုန်းကို လျှပ်စစ်တိုးတက် ထုတ်လုပ်မှု ရောင်ပြန် ဟတ်ပြနေပါတယ်။
(ကျနော်တို့ နိုင်ငံမှာ လျှပ်စစ် ၁၅၀၀-မီဂါဝပ်တောင် မှန်အောင်မပေးနိုင်ဘဲ အခု သေလုနီးနီး ငနဲကြီးက နိုင်ငံတော်ကြီး ဘယ်လို တိုးတက်လာတယ်။ ဘယ်လို ခေတ်မှီလာတယ် ပြောပြော။ အရိုးအရင်းလေး ကိုက်ရဖိုးလောက် မျှော်နေတဲ့ အကောင်တွေက ခေါင်းငြိမ့်ကြ အမြှီးလေးတွေ နှံ့ပြကြနဲ့ ဒီလိုလူတွေ အာချင်တိုင်း အာမရအောင် ကျနော်တို့ နိုင်ငံရေး လုပ်နေသူတွေက ပြည်သူတွေကို နားမျက်စေ့လေးတွေ ဖွင့်ပေးရပါမယ်။ ဆောင်းပါးထဲကလို မြင်တတ်အောင်ပေါ့။ ဒါနိုင်ငံရေးတာဝန်ခုပါဘဲ)။
(ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားက ရင်းနှီးမြုပ်နံမဲ့ လူတွေလာကြတာ အများကြီး တကယ်လက်တွေ့ ရင်းနှီးမဲ့သူ မလာဘူးတဲ့။ တကယ်က လာကြသူတွေက တကယ့်ကို ရင်းနှီးဖို့ လာကြတာပါ။ ဆွေးနွေးတိုင်း လျှပ်စစ်ကိစ္စ မေးပါမယ်။ ရန်ကုန်မြို့လယ်ခေါင်က တဒုံးဒုံးမောင်းနေတဲ့ မီးစက်လေးတွေက အဖြေပေးနေတာ မြင်တော့ မေးစရာ မလိုတော့တာလဲ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်မီးမရှိဘဲ နိုင်ငံခြားရင်းနှီး မြုပ်နှံမယ့် သူတွေကို ဖိတ်နေ မျှော်နေတာက ဥပမာခပ်ရိုင်းရိုင်းလေးပေးရရင် မီးယပ်ဖြစ်ပြီး ပိန်ခြောက်ကပ်နေတဲ့ မိန်းမက လင်ရရင်ဘဲ ကလေးမွှေးပြီး ၀ဖြိုးလာမယ် လို့မျှော်လင့်နေသလို ဖြစ်နေပါတယ်။ ကိုယ့်သားအိမ် ကိုယ်ရောဂါကို မကုစားဘဲ .......ထားပါတော့)
ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မှာ လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်မှုက ၇-% ကနေ ၁၂-% အထိတိုးတက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လျှပ်စစ်ဓါတ်အား တိုးထုတ်လုပ်မှုက (သုည) ဖြစ်သွားပါတယ်။ ဒါလိမ်ညာလို့ မရတဲ့ကိန်းဂဏန်းပါ။ ဒါတင်လားဆိုတော့ ဘဏ်ကြီးတွေမှာပါ ငွေချေးထုတ်ယူမှု နှုန်းထား ကျဆင်းသွားပါတယ်။ တရုတ်သတင်းစာ China Dailyမှာ ဖေါ်ပြတာက တရုတ်ဘဏ်ကြီး-၄-ခု စလုံး မေလမှာ (လတ၀က်)အတွက် ချေးငွေအသစ် ထုတ်ပေးမှုက (လုံးဝ -ဇီးရိုး) ဖြစ်သွားပါတယ်။ တနည်းငွေချေးမှု အသစ်တွေ ရပ်ဆိုင်းနေပါတယ်။
Industrail Commercial Bank of China (HKG- 1398)
China Construction Bank (HKG- 0939)
Bank of China (HKG- 3988)
Agriculture Bank of China (HKG- 1288)
စတဲ့ဘဏ်ကြီး လေးခုဟာ မတ်လမှာ ချေးငွေအသစ် (၁၀၀၁) - ဘီလျှံယွမ် ထုတ်ချေးခဲ့ပါတယ်။ ဧပြီလမှာ -၆၈၁ -ဘီလျှံ ထုတ်ချေးခဲ့ပါတယ်။ အခုမေလ လ-တ၀က် ကျိုးလာချိန်အထိ (၀) ဆိုတော့ ထိတ်လန့်စရာ ဖြစ်လာပါတယ်။
တခါ တရုတ်ရဲ့ သွင်းကုန် တိုးတက်မှုကလည်း (၀.၃-%) ဘဲတိုးတက်လာပါတယ်။ တခါ အိုးအိမ် ဆောက်လုပ်ရေးမှာလဲ ယမန်နစ်က (၁၆-%) တိုးတက်မှုရှိခဲ့သော်လည်း အခုနစ်မှာ (၄.၀-%) ဘဲ တိုးတက်မှုရှိပါတယ်။ ပိုဆိုးတာက အိမ်အရောင်းဈေးကွက် (ရောင်းချနိုင်မှု နှုန်းထား) ကျသွားတာပါဘဲ။ အိမ်အရောင်းနှုန်းက ယမန်နှစ်ကထက် (၁၇.၅ -%) လျော့ကျသွားပါတယ်။ တစ်ခါ လူမနေသော အိမ်အသစ်က ယမန်နှစ်က အိမ်ခန်းအလွတ် (လူမနေသော အခန်းပေါင်း-သန်း-၇၀ ) ရှိနေတာကနေ ဒီနစ်မှာ ( ၄၇.၄-% )တိုးလာပြီး လူမနေသောအခန်းသစ်က ဈေးကွက်မှာ အခန်းပေါင်း- (သန်း-၁၀၀) လောက်အထိ ဖြစ်လာတာပါ။ မြေရောင်းချနိုင်မှုဈေးကွက်ကလဲ ( ၅၅.၀-%) ကျဆင်းသွားပါတယ်။
ဒီအိမ်ခြံမြေ ဈေးကွက်ကို ထိုခိုက်လာတာက ဘာကိုပြသလဲဆိုရင် အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းဟာ တရုတ်အမျိုးသား ကုန်ထုတ်လုပ်မှုရဲ့- (၁၃.၀-%) အထိ ကြီးမားနေတော့ အတော်လေး အရေးပါနေပါတယ်။ (နိုင်ငံတကာမှာ အိမ်ယာဆောက်လုပ်မှု ပမာဏဟာ အမျိုးသား အသားတင် ထုတ်လုပ်မှု တန်းဖိုးရဲ့ ( ၁၀.၀ %) အောက်မှာ ထိန်းထားတတ်ကြပါတယ်။ တချို့နိုင်ငံကြီးတွေမှာ (၈.၀%) ထက်မပိုအောင် ကြပ်မတ်ထားပါတယ်)။
အဲဒီတော့ ဥရောပက ယူရိုဇုံက ပြသနာက တရုတ်စီးပွားရေးမှာ ဧရာမသင်္ဘောကြီး ရပ်တန့်လိုက်ရတာ နဖူးတွေ ဒူးတွေ့ ကြုံနေစပြုနေပါပြီ။ ကျနော်အနေနဲ့တော့ ဒီလက္ခဏာတွေဟာ တရုတ်စီးပွားရေးမှာ နလုံးဖေါက်ပြန် လာတယ်လို့ သုံးသပ်ပါတယ်။ တရုတ်စီးပွားရေးဟာ လတ်တလောမှာ ထိခိုက်နေပါပြီ။ ကျစပြုနေပါပြီ။ ဒီကနေ ပိုမိုဆိုးဝါးသွားနိုင်ပါသလား ..????
တရုတ်နိုင်ငံဟာ သြစတေးလျနိုင်ငံ (Australia) နိုင်ငံရဲ့အဓိက ကုန်သွယ်ဖက် (အဓိက ကုန်ကြမ်း တင်ပို့ရာနိုင်ငံ) ဖြစ်လေတော့ တရုတ်မှာ စီးပွားရေး တုန့်ဆိုင်းမှုလေးဟာ အော်ဇီအတွက် ထိတ်လန့့် စရာသတင်းဆိုးကြီး ဖြစ်ရပါတော့တယ်။ (စကားချပ်- အော်ဇီလွှတ်တော်မှာ အစိုးရက ဘတ်ဂျက်ကို ပြီးခဲတဲ့ နှစ်ပတ်က ဘတ်ဂျက်အသစ် အတည်ပြုထားပါတယ်။ ပိုငွေလေးပြထားတာကနေ မနေ့ကတော့ တရုတ်စီးပွားရေး တန့်သွားလို့ လိုငွေပြနိုင်ပါတယ်လို့ စကားပြောင်းလိုက်ရတော့ အတိုက်အခံက ဝေဖန်တော့တာပေါ့။ နှစ်ပတ်မပြည့်သေးဘူး စကားပြောင်းပြောတယ်လို့ စွပ်စွဲတော့တာပေါ့၊)
ဒီတော့ ကျနော့်မိတ်ဆွေကို ကျနော်ကမေးပါတယ်။ ခင်ဗျား အမြင်ဘယ်လို ရှိပါသလဲဆိုတော့ သူက တရုတ်စီးပွားရေးက ခန့်မှန်းဖို့ ခက်ခဲပါတယ်တဲ့။ သူတို့က တနည်းမဟုတ် တနည်း ကြံဆပြီး ဖြေရှင်းတတ်လို့ပါတဲ့။ ဈေးတွေ ယခုထက် ပိုကျလာမယ်ဆိုရင် အစိုးရက ကြားဝင် ကိုင်တွယ် လာတတ်ပါတယ်တဲ့။ အခုထက် ဈေးတွေပိုကျလာရင် အစိုးရကနောက်တကြိမ် (၂၀၀၈-ကတကြိမ် ၀င်ထားပါတယ်) ကြားဝင် ကုစားပါမယ်တဲ့။
(စကားချပ်- ၂၀၀၈-ခုနစ်တုန်းက အနောက်နိုင်ငံကြီးတွေကနေ ကုန်ချော မှာထားတာတွေ ရပ်လိုက်တော့ သူတို့ ဆီမှာအလုပ်လက်မဲ့ ပြသနာကြီးထွား မလာအောင် အစိုးရကနေ လိုအပ်ချက်မရှိဘဲ မြို့သစ်ကြီးတွေ ဈေးကြီးတွေ လူနေအိမ်တွေ အများကြီး ဆောက်ခိုင်းလိုက်ပါတယ်။ အခုလူမနေတဲ့ အခန်းပိုတွေဟာ အဲဒီကုစားမှုရဲ့ ရလာဒ်ပါ။ အခုအခန်းတွေပိုများပြီး အရောင်းဈေးကွက် ပျက်လာတော့ ဘေးထွက် ဆိုးကျိုးစတင် သက်ရောက်လာမှုပါ)။
သူက ဆက်ပြောပါတယ်။ တခုတော့ရှိတယ် ..တရုတ်က သူနိုင်ငံမှာ စီးပွားရေးတည်ငြိမ်မှုကို ဘယ်လိုအခြေအနေနဲ့မှ အပျက်ခံမှာ မဟုတ်ပါဘူးတဲ့။ စီးပွားရေး အရှိန်ပျက်လိုက်တာနဲ့ လူမှုရေးပြသနာတွေ ထောင်တက်လာမှာကို အလွန်သတိထားပါတယ်တဲ့။ သိပ်ကြောက်ပါတယ်တဲ့။
အခုကိုပင် အစိုးရက ဘဏ်ကြီးတွေကို ချေးငွေထုတ်ပေးနိုင်ခွင့်ကို အရင်က ဘဏ်ငွေရင်းပမာဏရဲ့  (၂၀.၅-%) ချန်ပြီး ငွေချေးခွင့် ပြုထားရာကနေ အခု-(၂၀.၀-%) ချန်ထားပြီး ..(၀.၅-%) ပိုထုတ်ချေခွင့် ပေးလိုက်ပါတယ်။ ချေးငွေပေါ်လာမှ စီးပွားရေးလုပ်ငန်းတွေ ပိုမိုလည်ပတ်လာအောင် ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေ အတွက် တကယ့်ပြသာနာက ချေးငွေတွေ တိုးယူလာဖို့က (တနည်းလုပ်ငန်းတွေ တိုးပေါ်လာဖို့က) ဈေးကွက်မှာ ထွက်ထားပြီးတဲ့ သကြားလုံးတွေကို ကုန်အောင် စားပစ်သူရှိမှ သကြားဈေးကို ကျားကန် နိုင်မှာဖြစ်ပါကြောင်း ...။
လှိုင်မြင့်
ကျနော့်မိတ်ဆွေတစ်ဦးဟာ အာရှမှာ ကမ္ဘာ့ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းကြီး တခုမှာလုပ်နေသူရှိပါတယ်။ သူက တရုတ်ပြည်ဘက်ကို အချက်အလက်ရှာဖွေးရေး ခရီးထွက်နေပါပြီး သတ္တုလုပ်ငန်းရှင်ကြီးတွေ ကုန်သွယ်မှု လုပ်ငန်းရှင်ကြီးတွေနဲ့ ကုန်သည်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ သူ့ကိုဘာ အချက်အလက်များ ပြောပြနိုင်မလဲ မေးလိုက်ပါတယ်။ သူက (တရုတ်ပြည် အခြေအနေကတော့ မကောင်းတော့ဘူး။ ဒါပေမယ့် အများစုကတော့ ဒီလောက် အပြောင်းအလဲ သေးသေးလေးကို ခပ်ပေါ့ပေါ့ဘဲ သဘောထားကြပါတယ်)။
သတင်းကောင်းတခုအနေနဲ့ ကတော့ ယခုနစ် ပထမ ( ၃-လ )ပတ် မှာ တရုတ်စီးပွားရေး တိုးတက်မှုနုံးက ယခင်နှစ်ကထက် (၈.၁ -%) တိုးနေတာပြနေပါတယ်။ သင်ဟာ ကိန်းဂဏန်းတွေကို ကြည့်ပြီး သုံးသပ်နေမယ်ဆိုရင်တော့ ဒါဟာ အားရစရာပါဘဲ။
ဒါပေမယ့် တရုတ်စီးပွားရေးမှာ တကယ့် အဖြစ်မှန်က ဘာတွေဖြစ်ပျက် နေတယ်ဆိုတာကို သတိထား ကြည့်လိုက်မယ်ဆိုရင် အချို့အချက် အလက်လေးတွေကို သတိမူလိုက်မယ်ဆိုရင် နက်ဖန် စီးပွားရေး ကိန်းဂဏန်းတွေ ဘယ်လို ပြနေမယ်ဆိုတာကို လ-ချီပြီး ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။ (အရိပ်ပြတာနဲ့  အကောင်မြင် လို့ ဆိုလိုပုံရပါတယ်)
တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှု နှုန်းထား/ ဘဏ်ချေးငွေ ထုတ်ယူမှုနှုန်း/ အိမ်ယာ ခြံမြေဈေးကွက် ကိုကြည့်ရင် ဒါတွေကတော့ မကောင်းတော့ဘူး။
သဲလွန်စလေးတွေကို ကြည့်တတ်မယ် ဆိုရင် ပေါ်နေပါတယ်။ တရုတ်ပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို မြင်အောင်ကြည့်ဖို့က ခက်ခဲပါတယ်။ (အမှောင်ချထားသလို မဲမှောင်နေပါမယ်) တိုင်းပြည်တခုမှာ ကုန်ထုတ်လုပ်မှု တိုးတက်ဖို့ ဆိုတာက လျှပ်စစ်ထုတ်လုပ်မှု တိုးတက်မှုက ပူးတွဲတိုးတက်မှု ရှိနေရပါမယ်။ တရုတ်ရဲ့ လျှပ်စစ်တိုး ထုတ်လုပ်မှုက မတိုးတက်ဘဲ စီးပွားရေး တိုးတက်နေပါတယ်လို့ ပြောလို့မရပါဘူး။ တိုင်းပြည်တခုရဲ့ တိုးတက်မှုနှုန်းကို လျှပ်စစ်တိုးတက် ထုတ်လုပ်မှု ရောင်ပြန် ဟတ်ပြနေပါတယ်။
(ကျနော်တို့ နိုင်ငံမှာ လျှပ်စစ် ၁၅၀၀-မီဂါဝပ်တောင် မှန်အောင်မပေးနိုင်ဘဲ အခု သေလုနီးနီး ငနဲကြီးက နိုင်ငံတော်ကြီး ဘယ်လို တိုးတက်လာတယ်။ ဘယ်လို ခေတ်မှီလာတယ် ပြောပြော။ အရိုးအရင်းလေး ကိုက်ရဖိုးလောက် မျှော်နေတဲ့ အကောင်တွေက ခေါင်းငြိမ့်ကြ အမြှီးလေးတွေ နှံ့ပြကြနဲ့ ဒီလိုလူတွေ အာချင်တိုင်း အာမရအောင် ကျနော်တို့ နိုင်ငံရေး လုပ်နေသူတွေက ပြည်သူတွေကို နားမျက်စေ့လေးတွေ ဖွင့်ပေးရပါမယ်။ ဆောင်းပါးထဲကလို မြင်တတ်အောင်ပေါ့။ ဒါနိုင်ငံရေးတာဝန်ခုပါဘဲ)။
တကောင်းတောင် နီကယ်စီမံကိန်းမှ ညဘက် လျှပ်စစ်သုံးစွဲမှု မြင်ကွင်းတခု
တိုင်းပြည်တပြည်ရဲ့ စီးပွားရေး အခြေအနေတွေ ဘယ်လိုရှိ နေတယ်ဆိုတာကို အဲဒီတိုင်းပြည်မှာ လျှပ်စစ်ဘယ်လောက် ထုတ်လုပ်နေတယ်ဆိုတာကို လျှပ်တပြတ် ကြည့်နိုင်ရင် ဆန်းစစ်လိုက်ရင် ခန့် မှန်းလို့ ရသွားတာပါဘဲ။ ဘာကြောင့်ပါလိမ့်။ စီးပွားရေးအားလုံးမှာ လျှပ်စစ်မီးအနည်းများဆိုသလို လိုနေပါတယ်။ အိမ်/ ရုံး/ စက်ရုံ/ အဆောက်အအုံတွေ/ လေယာဉ်ကွင်းတွေ ဘာကျန်သေးလဲ စီးပွားရေး တိုးတက် နေပါတယ်ဆိုရင် လျှပ်စစ်လဲ တိုးတက်နေရပါမယ်။ လျှပ်စစ်တိုး မထုတ်ဘဲ စီးပွားရေး တိုးတက် နေပါတယ်ဆိုတာ..။ (ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားက ရင်းနှီးမြုပ်နံမဲ့ လူတွေလာကြတာ အများကြီး တကယ်လက်တွေ့ ရင်းနှီးမဲ့သူ မလာဘူးတဲ့။ တကယ်က လာကြသူတွေက တကယ့်ကို ရင်းနှီးဖို့ လာကြတာပါ။ ဆွေးနွေးတိုင်း လျှပ်စစ်ကိစ္စ မေးပါမယ်။ ရန်ကုန်မြို့လယ်ခေါင်က တဒုံးဒုံးမောင်းနေတဲ့ မီးစက်လေးတွေက အဖြေပေးနေတာ မြင်တော့ မေးစရာ မလိုတော့တာလဲ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်မီးမရှိဘဲ နိုင်ငံခြားရင်းနှီး မြုပ်နှံမယ့် သူတွေကို ဖိတ်နေ မျှော်နေတာက ဥပမာခပ်ရိုင်းရိုင်းလေးပေးရရင် မီးယပ်ဖြစ်ပြီး ပိန်ခြောက်ကပ်နေတဲ့ မိန်းမက လင်ရရင်ဘဲ ကလေးမွှေးပြီး ၀ဖြိုးလာမယ် လို့မျှော်လင့်နေသလို ဖြစ်နေပါတယ်။ ကိုယ့်သားအိမ် ကိုယ်ရောဂါကို မကုစားဘဲ .......ထားပါတော့)
ပြီးခဲ့တဲ့နှစ်က တရုတ်ပြည်မှာ လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်မှုက ၇-% ကနေ ၁၂-% အထိတိုးတက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လျှပ်စစ်ဓါတ်အား တိုးထုတ်လုပ်မှုက (သုည) ဖြစ်သွားပါတယ်။ ဒါလိမ်ညာလို့ မရတဲ့ကိန်းဂဏန်းပါ။ ဒါတင်လားဆိုတော့ ဘဏ်ကြီးတွေမှာပါ ငွေချေးထုတ်ယူမှု နှုန်းထား ကျဆင်းသွားပါတယ်။ တရုတ်သတင်းစာ China Dailyမှာ ဖေါ်ပြတာက တရုတ်ဘဏ်ကြီး-၄-ခု စလုံး မေလမှာ (လတ၀က်)အတွက် ချေးငွေအသစ် ထုတ်ပေးမှုက (လုံးဝ -ဇီးရိုး) ဖြစ်သွားပါတယ်။ တနည်းငွေချေးမှု အသစ်တွေ ရပ်ဆိုင်းနေပါတယ်။
Industrail Commercial Bank of China (HKG- 1398)
China Construction Bank (HKG- 0939)
Bank of China (HKG- 3988)
Agriculture Bank of China (HKG- 1288)
စတဲ့ဘဏ်ကြီး လေးခုဟာ မတ်လမှာ ချေးငွေအသစ် (၁၀၀၁) - ဘီလျှံယွမ် ထုတ်ချေးခဲ့ပါတယ်။ ဧပြီလမှာ -၆၈၁ -ဘီလျှံ ထုတ်ချေးခဲ့ပါတယ်။ အခုမေလ လ-တ၀က် ကျိုးလာချိန်အထိ (၀) ဆိုတော့ ထိတ်လန့်စရာ ဖြစ်လာပါတယ်။
တခါ တရုတ်ရဲ့ သွင်းကုန် တိုးတက်မှုကလည်း (၀.၃-%) ဘဲတိုးတက်လာပါတယ်။ တခါ အိုးအိမ် ဆောက်လုပ်ရေးမှာလဲ ယမန်နစ်က (၁၆-%) တိုးတက်မှုရှိခဲ့သော်လည်း အခုနစ်မှာ (၄.၀-%) ဘဲ တိုးတက်မှုရှိပါတယ်။ ပိုဆိုးတာက အိမ်အရောင်းဈေးကွက် (ရောင်းချနိုင်မှု နှုန်းထား) ကျသွားတာပါဘဲ။ အိမ်အရောင်းနှုန်းက ယမန်နှစ်ကထက် (၁၇.၅ -%) လျော့ကျသွားပါတယ်။ တစ်ခါ လူမနေသော အိမ်အသစ်က ယမန်နှစ်က အိမ်ခန်းအလွတ် (လူမနေသော အခန်းပေါင်း-သန်း-၇၀ ) ရှိနေတာကနေ ဒီနစ်မှာ ( ၄၇.၄-% )တိုးလာပြီး လူမနေသောအခန်းသစ်က ဈေးကွက်မှာ အခန်းပေါင်း- (သန်း-၁၀၀) လောက်အထိ ဖြစ်လာတာပါ။ မြေရောင်းချနိုင်မှုဈေးကွက်ကလဲ ( ၅၅.၀-%) ကျဆင်းသွားပါတယ်။
ဒီအိမ်ခြံမြေ ဈေးကွက်ကို ထိုခိုက်လာတာက ဘာကိုပြသလဲဆိုရင် အိမ်ယာဆောက်လုပ်ရေး လုပ်ငန်းဟာ တရုတ်အမျိုးသား ကုန်ထုတ်လုပ်မှုရဲ့- (၁၃.၀-%) အထိ ကြီးမားနေတော့ အတော်လေး အရေးပါနေပါတယ်။ (နိုင်ငံတကာမှာ အိမ်ယာဆောက်လုပ်မှု ပမာဏဟာ အမျိုးသား အသားတင် ထုတ်လုပ်မှု တန်းဖိုးရဲ့ ( ၁၀.၀ %) အောက်မှာ ထိန်းထားတတ်ကြပါတယ်။ တချို့နိုင်ငံကြီးတွေမှာ (၈.၀%) ထက်မပိုအောင် ကြပ်မတ်ထားပါတယ်)။
အဲဒီတော့ ဥရောပက ယူရိုဇုံက ပြသနာက တရုတ်စီးပွားရေးမှာ ဧရာမသင်္ဘောကြီး ရပ်တန့်လိုက်ရတာ နဖူးတွေ ဒူးတွေ့ ကြုံနေစပြုနေပါပြီ။ ကျနော်အနေနဲ့တော့ ဒီလက္ခဏာတွေဟာ တရုတ်စီးပွားရေးမှာ နလုံးဖေါက်ပြန် လာတယ်လို့ သုံးသပ်ပါတယ်။ တရုတ်စီးပွားရေးဟာ လတ်တလောမှာ ထိခိုက်နေပါပြီ။ ကျစပြုနေပါပြီ။ ဒီကနေ ပိုမိုဆိုးဝါးသွားနိုင်ပါသလား ..????
တရုတ်နိုင်ငံဟာ သြစတေးလျနိုင်ငံ (Australia) နိုင်ငံရဲ့အဓိက ကုန်သွယ်ဖက် (အဓိက ကုန်ကြမ်း တင်ပို့ရာနိုင်ငံ) ဖြစ်လေတော့ တရုတ်မှာ စီးပွားရေး တုန့်ဆိုင်းမှုလေးဟာ အော်ဇီအတွက် ထိတ်လန့့် စရာသတင်းဆိုးကြီး ဖြစ်ရပါတော့တယ်။ (စကားချပ်- အော်ဇီလွှတ်တော်မှာ အစိုးရက ဘတ်ဂျက်ကို ပြီးခဲတဲ့ နှစ်ပတ်က ဘတ်ဂျက်အသစ် အတည်ပြုထားပါတယ်။ ပိုငွေလေးပြထားတာကနေ မနေ့ကတော့ တရုတ်စီးပွားရေး တန့်သွားလို့ လိုငွေပြနိုင်ပါတယ်လို့ စကားပြောင်းလိုက်ရတော့ အတိုက်အခံက ဝေဖန်တော့တာပေါ့။ နှစ်ပတ်မပြည့်သေးဘူး စကားပြောင်းပြောတယ်လို့ စွပ်စွဲတော့တာပေါ့၊)
ဒီတော့ ကျနော့်မိတ်ဆွေကို ကျနော်ကမေးပါတယ်။ ခင်ဗျား အမြင်ဘယ်လို ရှိပါသလဲဆိုတော့ သူက တရုတ်စီးပွားရေးက ခန့်မှန်းဖို့ ခက်ခဲပါတယ်တဲ့။ သူတို့က တနည်းမဟုတ် တနည်း ကြံဆပြီး ဖြေရှင်းတတ်လို့ပါတဲ့။ ဈေးတွေ ယခုထက် ပိုကျလာမယ်ဆိုရင် အစိုးရက ကြားဝင် ကိုင်တွယ် လာတတ်ပါတယ်တဲ့။ အခုထက် ဈေးတွေပိုကျလာရင် အစိုးရကနောက်တကြိမ် (၂၀၀၈-ကတကြိမ် ၀င်ထားပါတယ်) ကြားဝင် ကုစားပါမယ်တဲ့။
(စကားချပ်- ၂၀၀၈-ခုနစ်တုန်းက အနောက်နိုင်ငံကြီးတွေကနေ ကုန်ချော မှာထားတာတွေ ရပ်လိုက်တော့ သူတို့ ဆီမှာအလုပ်လက်မဲ့ ပြသနာကြီးထွား မလာအောင် အစိုးရကနေ လိုအပ်ချက်မရှိဘဲ မြို့သစ်ကြီးတွေ ဈေးကြီးတွေ လူနေအိမ်တွေ အများကြီး ဆောက်ခိုင်းလိုက်ပါတယ်။ အခုလူမနေတဲ့ အခန်းပိုတွေဟာ အဲဒီကုစားမှုရဲ့ ရလာဒ်ပါ။ အခုအခန်းတွေပိုများပြီး အရောင်းဈေးကွက် ပျက်လာတော့ ဘေးထွက် ဆိုးကျိုးစတင် သက်ရောက်လာမှုပါ)။
သူက ဆက်ပြောပါတယ်။ တခုတော့ရှိတယ် ..တရုတ်က သူနိုင်ငံမှာ စီးပွားရေးတည်ငြိမ်မှုကို ဘယ်လိုအခြေအနေနဲ့မှ အပျက်ခံမှာ မဟုတ်ပါဘူးတဲ့။ စီးပွားရေး အရှိန်ပျက်လိုက်တာနဲ့ လူမှုရေးပြသနာတွေ ထောင်တက်လာမှာကို အလွန်သတိထားပါတယ်တဲ့။ သိပ်ကြောက်ပါတယ်တဲ့။
အခုကိုပင် အစိုးရက ဘဏ်ကြီးတွေကို ချေးငွေထုတ်ပေးနိုင်ခွင့်ကို အရင်က ဘဏ်ငွေရင်းပမာဏရဲ့  (၂၀.၅-%) ချန်ပြီး ငွေချေးခွင့် ပြုထားရာကနေ အခု-(၂၀.၀-%) ချန်ထားပြီး ..(၀.၅-%) ပိုထုတ်ချေခွင့် ပေးလိုက်ပါတယ်။ ချေးငွေပေါ်လာမှ စီးပွားရေးလုပ်ငန်းတွေ ပိုမိုလည်ပတ်လာအောင် ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေ အတွက် တကယ့်ပြသာနာက ချေးငွေတွေ တိုးယူလာဖို့က (တနည်းလုပ်ငန်းတွေ တိုးပေါ်လာဖို့က) ဈေးကွက်မှာ ထွက်ထားပြီးတဲ့ သကြားလုံးတွေကို ကုန်အောင် စားပစ်သူရှိမှ သကြားဈေးကို ကျားကန် နိုင်မှာဖြစ်ပါကြောင်း ...။
မနေ့က ဒီဆောင်းပါးလေး ရေးပြီးတာနဲ့ ဒီမိုဝေယံကို ပို့ပြီး
သတင်း ကြည့်လိုက်ပါတယ်။ ဆောင်းပါးပို့အပြီး တနာရီဘဲခြားပြီး
ညနေပိုင်းသတင်းမှာ အမေရိကန်မှာ လွန်ခဲ့ တနှစ်တာအတွင်း
စီးပွားရေး ပြန်ဦးမော့လာလို့ စတောက်ဈေး (စတောက်ရှယ်ယာတန်ဖိုး)တွေ
ပြန်တက်ထားပါတယ်။ တနှစ်အတွင်း ပြန်တက်ထားတဲ့ တနှစ်စာ တက်ထားသမျှတန်ဖိုးဟာ
စတောက်တန်ဖိုးဟာ သောကြာနေ့ တရက်ထည်း (၀၁ / ၀၆ / ၂၀၁၂)
တရက်ထဲ ပြန်ကျသွားပါတယ်။ ဆိုးဆိုးဝါးဝါး ကျသွားလို့ တနင်္လာနေ့ အာရှစတောက် ရှယ်ယာ ဈေးတွေပြန် ဈေးဖွင့်ချိန်မှာ
ဘယ်လို ဂယက်ရီုက်မယ် ဘယ်လောက်အထိ ကျသွားမယ်ဆိုပြီး တရုတ် ဟောင်ကောင်
အာရှ၊ ဂျပန်၊ အော်ဇီ အာဆီယံက စတောက်ရှယ်ယာ ၀ယ်ထားသူတွေ ရင်မောနေကြရပါပြီ။
အခုမြန်မာအစိုးရက ဂျပန် ဒိုင်ဝါ ငွေကြေးဌာနကြီးနဲ့ မြန်မာပြည်မှာ
စတောက်ရှယ်ယာ ဈေးကွက်ဖေါ်ဖို့ ကြိုးပမ်းနေပါတယ်။
အမြန်ဆုံး အကောင် အထည် ပေါ်ပါစေလို့ ဆုတောင်းနေပါတယ်။ အာဏာရှင်ကို
လက်သံပြောင်ပြောင် ဆုံးမနိုင်တာ ရိုက်နိုင်တာက စတောက်ရှယ်ယာ ဈေးနှုန်းပါဘဲ။ အာဏာသိမ်း တယ်ဆိုရင် မာရှယ်လော အမိန့်ထုတ်ရတာပါဘဲ။ မာရှယ်လောနဲ့
စတောက်ဈေးကွက်က တဇောင်းစေး နဲ့မျက်ချေး ပြောမလား။
အာဏာသိမ်းလိုက်တာနဲ့ စတော့ဈေးကွက် ထိုးကျသွားတာပါဘဲ။ ဘယ်နိုင်ငံကြီးတွေကိုမှ Sanction လုပ်ပါ အော်နေစရာ မလိုတော့ဘူး။
အကူတောင်းနေစရာ မလိုတော့ပါဘူး ။
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းမှု မကြာခန ဖြစ်ခဲ့ပါတယ် ။
ဒီဘက်နစ်တွေမှာ အာဏာသိမ်းတာနဲ့  စီးပွားရေးတွေ ထိုးကျသွားတတ်တော့
ထိုင်းဗိုလ်ချုပ်တွေ လက်စွမ်းသိပ် မပြရဲကြတော့ဘူး။
စတောက်ဈေးကွက်ဆိုတာကလဲ အာဏာရှင်တွေ ထိုင်းဗိုလ်ချုပ်တွေက အများစု
ပိုင်ဆိုင်ထားကြတာ ဆိုတော့ စတောက်ဈေးကျမှာ အကြောက်ဆုံးက အာဏာရှင်တွေနဲ့
ခရီုနီတွေပါဘဲ။ သူတို့ စားရိတ်နဲ့  သူတို့ လိမ္မာနေကြပါမယ်။
မနက်ဖန် တင်္နလာနေ့ ကတော့ ကမ္ဘာ့စီးပွားရေး သတင်းမှာ ပွက်ပွက်ဆူမဲ့ နေ့တနေ့ ဖြစ်နိုင်ပါတယ်။ အမေရိကန် စီးပွားရေး အကျပြလိုက်ရင်
တရုတ်ကြီး ခေါင်းကြိမ်း နေပါတော့ မယ်။ တရုတ်ပြည်မကြီးမှာ
လူထုတော်လှန်ရေးတွေ ပေါ်လာနိုင်ပါတယ်။ ဒီတစ်ခါ ၂၀၀၈-လို ကုန်ကြမ်းတွေ
ပြည်တွင်းမှာ သုံးဖို့  ဂွင်ပျောက်နေပါပြီ။ ကျနော်တို့ ဆီက
အာဏာရှင်တွေကို ကျားကန်ပေးပြီးတိုင်း သူတို့မှာ သေလုမျှောပါး ပြသနာတက်ရတယ်လို့ ကျနော်ယခင် ဆောင်းပါးတွေမှာ ရေးထားဘူးပါတယ်။ ကဲတရုတ်ကြီး အလှဲ့ကျရင် မနွှဲ့ကြစတမ်းပေါ့ ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
ဓာတ်ပုံ ဒီမိုဝေယံ
ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..
ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန်
မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ
စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..
ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်မှ ကြိုဆိုပြီး ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။
မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များမှ မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။ မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။
အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။ သို့ပေတည့် ထိုင်းအစိုးရမှ အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။ ထိုင်းအစိုးရမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။
ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။
ဒီမိုဝေယံ
မြန်မာ့နိုင်ငံအရေး အပြောင်းအလဲများအား အကောင်းမြင်၍ မရသေး...။ ယခင်သတင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/06/blog-post_9517.html
ဓာတ်ပုံ... (Post Today) မေလ(၃၁)ရက်နေ့က ထိုင်းအစိုးရ အိမ်တော်မှာ မြန်မာပြည်သူ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယဝန်ကြီးချုပ် Chalerm
Yubamrungတို့ တွေ့ဆုံကြစဉ်..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ..
မေလ (၂၉)ရက်နေ့က World Economic Forum on East Asia အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပါတယ်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ အရေးအတွက် ထိုင်း ဒုဝန်ကြီးချုပ်၊ ထိုင်း အလုပ်သမားရေးရာ ဝန်ကြီးဋ္ဌာန ဒုဝန်ကြီးများနဲ့ တွေ့ဆုံခဲ့သလို ထိုင်းမြန်မာ နယ်စပ် မယ်လဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့ပါတယ်..။ World Economic Forum၌ မိန့်ခွန်း ပြောကြားခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။
World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့
ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော်
မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ
ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့်
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ပါတယ်....။
ထိုင်းနိုင်ငံသို့ခရီးစဉ်အတွင်း
ကူညီစောင့်ရှောက် ဧည့်ဝတ်ကျေပွန်ခဲ့ကြသော ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ထိုင်းနိုင်ငံသူ နိုင်ငံသားများ၊
ထိုင်းအစိုးရ တာဝန်ရှိသူများ၊ အထူးသဖြင့် လုံခြုံရေးကို အထူးကြပ်မတ်
တာဝန်ယူပေးခဲ့ကြသော ထိုင်းလုံခြုံရေး အဖွဲ့ဝင်များအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
လေးစားချစ်ခင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်စား
အထူးကျေးဇူးတင်ရှိပါကြောင်း...။
ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို ..
ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို..
World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သိရှိရသည်...။
အဆိုပါ သတိပေး အကြောင်းကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ၃၁ရက်နေ့က မဟာချိုင်သို့ ဒုတိယအကြိမ် သွားရောက်အပြီး ယခုကဲ့သို့ ဖိအားပေး အကြောင်းကြား ခဲ့တာဖြစ်တယ်လို့ ဆိုပါသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှ သွားရောက် တွေ့ဆုံခဲ့ခြင်း၊ ထိုင်း ဒုတိယဝန်ကြီးချုပ်မှ လက်ခံတွေ့ဆုံခဲ့ခြင်း၊ မဟာချိုင်သို့ ဒုတိယနေ့ သွားရောက်စဉ် ထိုင်းအလုပ်သမားရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ခြင်း စသည်တို့၏ နောက်ဆက်တွဲအဖြစ် မြန်မာအစိုးရမှ မေလ(၃၁)ရက်နေ့က ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံသို့ သတိပေး အကြောင်းကြား ခဲ့သည်ဟု သိရှိရသည်..။
မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနအား နိုင်ငံတော်အဆင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် မဟုတ်သည့်အတွက် လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်..။
ကနဦး အစီအစဉ်များထဲ၌ ထိုင်းဝန်ကြီးချုပ် ယင်လတ်မှ ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် အစီအစဉ် ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ယနေ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆောက် ခရီးစဉ်၌ မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်အပြင် ကနဦး စီစဉ်ထားသည့် မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ၊ နယ်စပ်ရှိ တိုင်းရင်းသား အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ရခြင်းမှာ အထက်ပါ အကြောင်းအရာများနဲ့ ဆက်စပ်နေမလားပဲ။
ယနေ့ မဲဆောက် ခရီးစဉ်ဟာ ကျတော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ချက် ဘောင်အတွင်းမှ လှုပ်ရှား သွားလာခဲ့ရသည့် အနေအထားမျိုး ဖြစ်နေကြောင်း သုံးသပ်မိသည်..
ဒီမိုဝေယံ
အဆိုပါ သတင်းအတွက် သတင်းဋ္ဌာနများ စုံစမ်းမေးမြန်း ဖော်ထုတ်စေလိုပါတယ်..။ ယခုထက်တိုင် မိမိအခြေအနေ အမှန်ကို အမှန်အတိုင်း မသုံးသပ်နိုင်ပဲ မနာလို မစ္ဆိရိယစိတ်တွေနဲ့ ခေတ်နောက်ပြန်ဆွဲ အကောက်ကြံ ပိတ်ပင်တားမြစ်ရေး အတွေးအခေါ်တွေ ရှိနေသရွေ့တော့ အနာဂတ် မြန်မာပြည်အရေး..
ထိုင်း၊ မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မြင်ကွင်း ဓာတ်ပုံများ..
ထိုင်း၊ မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မြင်ကွင်း ဓာတ်ပုံများ..
ဓာတ်ပုံ NLD(LA)
ဓာတ်ပုံ ပေးပို့ပေးတဲ့ ကောင်းဆုလင်းအား ကျေးဇူးတင်ပါသည်...။
မန္တလေးမြို့ သေဆုံးခြင်း (အဆိုတော်လင်းလင်း)
မြေယာဥပဒေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ပွဲတစ်ခုနဲ့ ရှိုးပွဲတစ်ခုမှာ အဆိုတော် လင်းလင်းကိုယ်တိုင် တီးခတ်သီဆိုတဲ့ မန္တလေးမြို့ သေဆုံးခြင်းသီချင်း။
နားဆင်ကြည့်ကြပါ... ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ..ဒေါင်းလုပ်ရယူရန်
http://www.mediafire.com/?ueyiiwccq0uze7t
သီချင်းဖိုင် ပေးပို့ပေးတဲ့ ညီငယ်လင်းဆက်အား ကျေးဇူးတင်ပါသည်..။
သွယ်လင်းဆက်မှ သီချင်းစာသားများဖြင့် ပြန်လည် ပုံဖော်သည်..။
Saturday, June 2, 2012
ယနေ့ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့သို့ လေယာဉ်ခရီးဖြင့် ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)
ဇွန်လ (၂၉)ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ 2012 World Economic Forumသို့ တက်ရောက်ဟောပြောခဲ့တဲ့ မြန်မာပြည်သူထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဇွန်လ(၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရဲ့ တဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်မြို့သို့ ရောက်ရှိလာပါတယ်..။ ယနေ့မဲဆောက်ကို ရောက်ရှိလာတဲ့ မြန်မာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လဒုက္ခသည်စခန်း၊ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်မှာ ဖြစ်ပြီး နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်..။ ယနေ့ရောက်ရှိလာမယ့် မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် မဲဆောက်မြို့မှ ထောင်ပေါင်းများစွာသော ပြည်သူများမှ ကြိုဆိုရန် ပြင်ဆင်လျှက်ရှိပြီး ထိုင်းအစိုးရမှလည်း ထိုင်းစပ်တပ်နဲ့ ထိုင်းရဲ အယောက် ၁၀၀အားလည်း လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါတယ်..။
မနေ့က တညလုံး အမေစုလာမယ် ဆိုလို့ ပျှော်ရွှင်နေကြတဲ့ မဲဆောက်မှ မြန်မာများရဲ့ ယနေ့ကြိုဆို နေကြတဲ့ မြင်ကွင်း..
ထိုင်းစစ်တပ်နှင့်ရဲမှ လုံခြုံရေး ယူပေးထားပါတယ်..
ဓာတ်ပုံ AP, InThai
ဓာတ်ပုံ AP, InThai
ထူးခြားတဲ့ ၂၀၁၂ World Economic Forum ပွဲနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားများ..
ထူးခြားတဲ့ ၂၀၁၂ World Economic Forum ပွဲနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားများ..
(စုစည်းတင်ပြသူ Pa Yit)
ယခုနှစ် World Economic Forum ပွဲကတော့ ယခင်နှစ်များနဲ့ မတူထူးခြားတဲ့ နှစ်လို့ ဆိုရမှာပါ...။ ကမာ့္ဘမီဒီယာတွေရဲ့ သတင်းရုပ်သံတွေမှာ ၂၄နှစ်ကြာမှ ပြည်ပခရီး စတင်ထွက်ခဲ့တဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင်နဲ့ Myanmar Democracy Icon နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေဟာ အထူးအလေးပေးခံရတဲ့ သတင်းဖြစ်နေပါတယ်..။ အဆိုပါ World Economic Forum ကိုတက်ရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်စကားများအား ကိုPa Yitမှ စုဆည်းတင်ပြ ထားတာကို ဖော်ပြလိုက်ပါတယ်...။
''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''။
ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာ ထိုင်ဖို့ ဖိတ်ခဲ့ပါတယ်.......ကျမ ပထမတော့ စက်ခလုပ် တွေကြည့်ပြီး အံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစား သွားပါတော့တယ်။ အခုဘာတွေခြာနားနေပြီ ဆိုတာသိလိုက်ရပါတယ်..
ကျမအတွေးထဲမှာ ဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး ပေါ်လစီ ကောင်းကောင်း လိုနေတယ်ဆိုတာပါဘဲ.။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။
တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသား အားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။
အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။
ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။ အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ
အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့ မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေ နေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ပြောပါရစေ''။
မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ်
မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်း မြင့်မားနေပြီး၊ အဆင့်မြင့် ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ် တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလားတယ်။
မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး။
“မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေပါတယ်။ ဒါဟာချိန်ကိုက်ဗုံး တခုလိုဖြစ်နေပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အလယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။
အစည်းအဝေး တက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမား တွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေး ခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမယ့် လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား-ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသွားပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ် ဆိုတာတွေဟာ မြန်မာပြည်က ခပ်တိမ်တိမ်လူတွေ တွေးသလို အဖေကြောင့် ကျော်ကြားတဲ့သူ အပြင်မှာမမြင်ဘူးတဲ့ လူမိုလို့အထူးအဆန်း တွေ့ချင်တာဆိုတာတွေက မှားယွင်းကြောင်း အခုနိုင်ငံတကာ အသိုင်းအဝိုင်းက သံတမန်တွေပညာရှင်တွေက သက်သေပြလိုက်ပါပြီ...
သူတို့ဟာ ဒီလိုစိတ်ရှိတဲ့ လူတွေ မဟုတ်တဲ့အတွက် ဟီလာရီကလင်တန်ကိုလဲ ဒီလိုမဆက်ဆံခဲ့သလို ဟောလီဝုဒ် မင်းသား မင်းသမီး အကျော်အမော် တွေကိုလည်း ဒီလိုသဲသဲလှုပ်နေမဲ့ လူတန်စားမဟုတ်ပါဘူး.။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက် အမိအရ မှတ်တမ်းတင် နေချင်ကြတာပါ..။
မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရားဥပဒေစိုးမိုး ခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည်တွင်း အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြုပ်နှံမှုများကို အားပေးေ ဖ်ာဆောင်သွားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှုအပြင် နိုင်ငံခြားရင်းနှီး မြုပ်နှံသူများအတွက် လုံခြုံစိတ်ချရသော အာမခံချက် လိုအပ်ကြောင်း..
။
“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထား စေချင်ပါတယ်”
မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊
ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ...
မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း
“ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။
ထိုင်းနိုင်ငံထဲကို များပြားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်”
ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၎င်းအနေဖြင့် အထပ်ထပ်အခါခါ ပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။
Pa Yit Facebook
အမေနဲ့ ဝေးနေကြတဲ့ မဟာချိုင်မှ အမေစု သားသမီးများရဲ့ ပြည်သူ့မိခင်ကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတဲ့ မြင်ကွင်းများ (၃၄မိနစ်စာ ရုပ်သံ စဆုံး..)/ (ကျတော်တို့ ပြည်သူတွေ တိုင်းတပါးမှာ အကာအကွယ်မဲ့ အမိမဲ့သား ရေနည်းငါး ဖြစ်နေကြရတာပါ) အခုတော့ မိခင်ရဲ့ အကာအကွယ်ကို ရရှိကြရတော့မှာပါ... (အားလုံးရဲ့ အမေစု အသက်ရှည် ကျန်းမာ ဘေးကင်းပါစေ)
Friday, June 1, 2012
ယနေ့ World Economic Forum မှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် (ရုပ်သံ၊ ဓာတ်ပုံ)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား World Economic Forum's
ကိုတည်ထောင်သူ Mr.Klaus Schwabနဲ့ အတူတွေ့ရစဉ်..
ယနေ့ World Economic Forum မှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်(ရုပ်သံ)
ဓာတ်ပုံ Reuters, Getty Images
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာချိုင် ဒုတိယမြောက်နေ့ ခရီးစဉ် (ဓာတ်ပုံ၊ ရုပ်သံ)
ထိုင်း အလုပ်သမား (ဒု)ဝန်ကြီးကိုယ်တိုင် ကြိုဆိုခဲ့တဲ့ မဟာချိုင် ဒုတိယမြောက်နေ့ ခရီးစဉ် (ရိုက်တာ ရုပ်သံ)
ဓာတ်ပုံ AP, Reuters, Getty Images
ဓာတ်ပုံ AP, Reuters, Getty Images
ယနေ့ World Economic Forum ညစာစားပွဲမှာ တွေ့ဆုံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ တွေ့ဆုံပွဲ...
ယနေ့ World Economic Forum ညစာစားပွဲမှာ တွေ့ဆုံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ တွေ့ဆုံပွဲ...
ဒီလို ကြိုဆိုခဲ့ကြပါတယ်..။
ဓာတ်ပုံ Getty Images, Reuters
Thursday, May 31, 2012
ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပါတဲ့ World Economic Forum သို့ တက်ရောက်လာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...
ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပါတဲ့ World Economic Forum သို့ တက်ရောက်လာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်...
Reuters, Getty Images
ထိုင်းသတင်းဋ္ဌာနများမှ ထုတ်လွှင့်သွားတဲ့ ယနေ့မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆိုကြသူ ပြည်သူများ မြင်ကွင်း (ရုပ်သံ)
မဟာချိုင်မှ ယနေ့ကြိုဆိုနေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ..နဲ့ လုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ထိုင်းလုံခြုံရေးများ..
ယနေ့ ထိုင်းသတင်း ဋ္ဌာနတွေက တအံ့တသြ ထုတ်လွှင့်သွားတဲ့ မဟာချိုင်ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမား ပြည်သူများရဲ့ မြင်ကွင်းပါ...။ ထိုင်းလုံခြုံရေးရဲ ၄၀၀ကျော် ချထားခဲ့ပါတယ်...။ မြန်မာပြည်သူတွေကတော့ မြင်ရတဲ့ အတိုင်းကြိတ်ကြိတ်တိုး ဝက်ဝက်ကွဲပေါ့...။ ပြည်ပရုပ်သံ သတင်းတွေမှာ အဆိုပါသတင်းဟာ ယနေ့ အထူးထုတ်လွှင့်ရတဲ့ သတင်းတစ်ခု ဖြစ်ပေမယ့် မြန်မာပြည်မှ ပြည်တွင်း သတင်းတွေမှာတော့ ဗလာနတ္ထိပါ..။
ထိုင်းသတင်းရုပ်သံတွေက တအံ့တသြ ထုတ်လွှင့်နေရတဲ့ ယနေ့ မဟာချိုင်မှ လူထုခေါင်းဆောင်နဲ့ ရွှေမြန်မာများ (ရုပ်သံ)
ယနေ့ တို့ခေါင်းဆောင်၊ တို့ပြည်သူနဲ့ လုံခြုံရေး ဆောင်ရွက်ပေးတဲ့ ထိုင်းလုံခြုံရေးရဲတွေရဲ့ ဟန်ချက်ညီညီ (မြင်ကွင်း ရုပ်သံ)
ဒါကတော့ ရိုက်တာ သတင်းရုပ်သံပါ..
ဓာတ်ပုံ AP,Getty Images, Thai Daily