ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Wednesday, May 23, 2012

လျှပ်စစ်မီး ပိုမိုရရှိရေး ရန်ကုန်တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြ..

(ဓာတ်ပုံ Reuters, AP) (သတင်း YPI)
လျှပ်စစ်မီး ပိုမိုရရှိရေး ရန်ကုန်တွင် ဖယောင်းတိုင် မီးထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒပြ

မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

လျှပ်စစ်မီး ပိုမိုရရှိရေး အတွက် ရန်ကုန်မြို့နေ တက်ကြွလှုပ်ရှားသူများနှင့် မြို့ခံအချို့က  ယနေ့ညနေ ၆နာရီ ၅၅မိနစ်တွင် ဆူးလေဘုရားလမ်း KING လားရှိုး လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လူစုကာ ဖယောင်းတိုင်မီးများ ကိုင်ဆောင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။

ရှေးဦးစွာ ဆူးလေဘုရားကို လှည့်ပတ်၍ ဆန္ဒပြကြပြီးနောက်  ဘုရားပေါ်သို့ တက်ရောက် ဆုတောင်းကြသည်။

ဖယောင်းတိုင်မီးထွန်း၍ ဆန္ဒပြသူ  အယောက်၅၀ ၀န်းကျင်ရှိပြီး သတင်းမီဒီယာ နှင့် ရာနှင့်ချီသည့်  ကြည့်ရှုသူပရိတ်သတ်များဖြင့် ဆူးလေစေတီတ၀ိုက်တွင် စုစုပေါင်း လူအင်အား တထောင်ကျော် ခန့်ရှိသည်ကိုတွေ့ရသည်။

၎င်းတို့ ဆန္ဒပြရင်း ကြွေးကြော်နေသော အသံမှာ “ အခွင့်အရေး အတူတူ ရရမယ်လို့ ပြောတယ်၊ အခု နေပြည်တော် လယ်ကွင်းထဲမှာ မီးတွေထိန်ထိန် လင်းနေတယ်၊ ကျွန်တော်တို့ ရန်ကုန်မှာက မီးလည်းပျက်တယ်၊  ရေလဲသုံးမရဘူး ” ဟုလက်ရှိ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်ခံစားနေရ သည့်အခြေအနေကို နေပြည်တော် လျှပ်စစ်မီးပေးဝေမှုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။
ဒေါ်မာမာဝေ၊ ( ကျောင်းသားခေါင်းဆောင် စည်သူမောင် ၏ အဖွား တော်စပ်သူ) လည်းပါဝင်
ဆန္ဒပြသူ တဦးဖြစ်သည့် အသက် ၈၀ကျော် ဒေါ်မာမာဝေက “ အဖွားတို့မှာက အမှောင်ထဲမှာ နေနေရတယ်။ ဒါအစိုးရမှာ တာဝန်ရှိတယ်” လို့ပြောသည် ဆန္ဒပြစဉ် လုံထိန်းများက ထိန်းသိမ်း ကြသော်လည်း ကြမ်းတမ်းစွာ တုန့်ပြန်မှု မရှိသည်ကိုတွေ့ရသည်။

နိုင်ငံရေး အကျဉ်းသားမိသားစု ကူညီရေး ကွန်ရက်မှ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် ဆန္ဒပြသူများက ဆူးလေစေတီပေါ်မှ ဆင်းကာ လူစုခွဲသွားသည့်နောက် ည ၈ နာရီဝန်းကျင်တွင် နောက်ထပ် လူငယ်တစ်စုရောက်ရှိလာပြီး  ဆူးလေဘုရားရှေ့တွင် ဖယောင်းတိုင်မီးထွန်း ၍ဆက်လက် ဆန္ဒပြခဲ့ကြသည်။ 

မန္တလေးမြို့တွင် မေလ ၂၀ နှင့် ၂၁ ရက်နေ့များက လျှပ်စစ်မီး ပိုမိုရရှိရေး အတွက် ဖယောင်းတိုင်ထွန်းညှိ ဆန္ဒထုတ်ဖေါ်ပြီးနောက် ယနေ့နံနက်က ဦးဆောင်သူဟု ယူဆသူများကို ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းမှုရှိခဲ့သည်။ မန္တလေးမြို့၌ ယခင် ၂ရက်တာ ဆန္ဒထုတ်ဖေါ်သူများ စုဝေးသည့်နေရာတ၀ိုက် လုံခြုံရေး တင်းကြပ်စွာချထားပြီး  ထပ်မံ မဖြစ်ပွားအောင် ကာကွယ်ထားသည်ဟု မန္တလေးမြို့မှ သတင်းပေးပို့ချက်အရ သိရသည်။   

လျှပ်စစ်မီး မလုံလောက်မှုနှင့် ပတ်သက်၍ ပြည်သူများသို့ ယနေ့ထုတ် သတင်းစာတွင် `ပြည်သူလူထုသို့ မေတ္တာရပ်ခံ ပန်ကြားခြင်း´ဆိုသည့် ပန်ကြားချက်ဖြင့် လျှပ်စစ်မီး မလုံလောက်မှု အခြေအနေကို လျှပ်စစ်ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။      ။

6 comments:

မရှိတာကိုဇွတ်အတင်းတောင်းနေတာလည်းသဘာဝမကျပါ...နွေရာသီတွင်ဆည်တွေထဲရေမရှိသဖြင့်ရေအား
လျှပ်စစ်နည်းနည်းသာထုတ်နိုင်ပါသည်..အကောင်းဆုံး
နည်းလမ်းကိုရှာဖို့တွန်းအားပေးသင့်ပါသည်။

ယနေ့ ခေတ်မီနည်းပညာများ ထွန်းကားနေသော ခေတ်မှာ ရေအားလျှပ်စစ်တစ်ခုတည်းမှသာ လျှပ်စစ်ထုတ်ယူနိုင်သည် မဟုတ်ပါ။
ပြည်ပသို့ နှစ်ရှည်စာချုပ် ချုပ်ပြီး ဦးသန်းရွှေအပြတ်ရောင်းစားသွားသော ဂက်စ်များနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပါသည်။
ဂက်စ်ဖြင့် တစ်ပြည်လုံး လုံလောက်အောင် မီးပေးနိုင်ပါသည်။တိုင်းပြည်ကို စေတနာမရှိသော စစ်အရေခွံလဲ အစိုးရက တမင်တကာ ဥက္ခောပြုထားခြင်းဖြစ်ပါသည်။။
ဦးသန်းရွှေလက်ကျန် စစ်ဗိုလ်များက မလုပ်တတ် မကိုင်တတ် မစီမံတတ်ဘဲ ရာထူးကြီးများမှာ ဇွတ်အတင်း ကျားပိန်တွယ်တွယ်ပြီး ပြည်သူ့ဘဏ္ဍာတွေကို ခိုးယူနေကြခြင်းကား မီးပြတ် ရေပြတ် ပြည်သူတို့ အငတ်နေရခြင်း၏ တရားခံအစစ်ဖြစ်ပါသည်။
မယုံလျှင် စောင့်ကြည့်ပါ။ မကြာမီ စစ်တပ်အာဘော် သတင်းစာများမှ မစားရ ၀ခမန်း လျှပ်စစ် စီမံကိန်းကြီးများ၊ အမေရိကန်မှ စက်သစ်ကြီးများ၊ ဂျပန်မှ ဂျင်နရေတာကြီးများ နက်ဖန်ရောက်လာတော့မည်လိုလို ဆည်မြောင်းရေကာတာတွေကို လူကြီးတွေ သွားရောက်စစ်ဆေးနေပုံ ဓါတ်ပုံကြီးများ ဝေေ၀ဆာဆာနဲ့ ပြည်သူကို လိမ်ညာပါလိမ့်ဦးမည်။
ဒီလို လိမ်လာခဲ့သည်မှာ တိုင်းပြည်ကံကြမ္မာညှိုးပြီး စစ်ဗိုလ်ဆိုးတွေရဲ့ လက်ထဲကျရောက်ခဲ့သည်မှ အစပြုခဲ့ကာ ယခုဆို နှစ်(၅၀)ရှိခဲ့ပါပကော။

တိုင်းပြည်ဖွံ့ဖြိုးရေးကို မလုပ်နိုင်ခဲ့တာ ၁၉၆၂-ခုနှစ်ထဲက ဖြစ်ပါသည်။
ပြည်သူရွေးချယ်သော ဒီမိုကရေစီအစိုးရကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်းက အာဏာတည်မြဲရေးကိစ္စကို ဦးစားပေးခဲ့ရသည်။
ပြည်သူကို ဖမ်းဆီး နှိပ်ကွပ်ဘို့ စစ်တပ်ကို ထောက်ပံ့၊ ထောက်လှမ်းရေး။ ရဲသတင်းတပ်ဖွဲ့။ ရဲသတင်းပေးတို့ကို တိုးချဲ့ဖွဲ့စည်း။ နိင်ငံရေးသမားတွေကို ဖမ်းဘို့စောင့်ကြည့်ခိုင်းထားရတာက လူအင်အားသိန်းနဲ့ချီ အသုံးပြုနေရတော့ လုပ်အားတွေ ဆုံးရှုံး။ တိုင်းပြည်ချစ် ပညာတတ် လူငယ်တွေကို နှစ်ရှည်ထောင်ချထားတော့ လူသားအရင်းမြစ်တွေ အလဟသဖြစ်။
ဆိုးသွမ်းယုတ်မာ မိစ္ဆာအစိုးရဖြစ်နေတော့ လူပီသသော နိုင်ငံများအ၀န်းအ၀ိုင်းထဲ မကပ်နိုင်။စီးပွါးရေး ပိတ်ဆို့မှုကြောင့် အရင်းအနှီးက မရှိ။
တိုင်းပြည်တိုးတက်ရေးထက် အာဏာတည်မြဲရေး၊ စစ်ဝါဒဖြင့်တိုင်းပြည်ကို ထာဝရဖိနှိပ်ထားရေးကိုသာ ဇောင်းပေးနေရလို့ ပြည်သူတို့အခြေခံ လိုအပ်ချက် ရေ မီးမပြည့်စုံ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်း ဆင်းရဲတွင်းနက်ပြီး လူထုမှာ ထမင်း ရက်ချန်၊ ရေ ရက်မှန်နှင့်။ ကပ်ကျန်မွဲတွေ၊ ဖွတ်ဘိုးအေ ဖြစ်နေသော်လည်း စစ်အာဏာရှင်ကြီးများနှင့် လက်ဝေခံများကား စည်းစိမ်ချမ်းသာ အပြည့်။ ဗီအိုင်ပီဆိုသော စစ်အသိုင်းအ၀ိုင်း လူ့မလိုင်အလွှာကို ခိုင်ခိုင်မာမာ တည်ထောင်ပြီး ပြည်သူကို ထာဝရ စစ်ကျွန်ပြုဘို့ စစ်တပ် တစ်မတ်သားပါလီမန်ကြီးနဲ့ ၂၀၀၈-နာဂစ် အခြေခံဥပဒေကြီးကို အသေအလဲ ခုခံကာကွယ်နေသည်ကို ပြည်သူများ မျက်ခြေမပြတ် သတိရှိနေရပါမည်။

အပေါ်က တတိယ နဲ့ စတုထ ကွန်မန့်တွေကို ထောက်ခံပါတယ်။ မှန်ပါတယ်။

( ၁ ) နေပြည်တော်မှမီးသုံးစွဲမှုလျော့ချပါ။
- လူမရှိတဲ့နေပြည်တော်ကလမ်းတွေ၊ ၀န်ထမ်းတန်းယားတွေ၊ စစ်တပ်တန်ယားတွေ။
( ၂ ) မျှမျှတတ မီးပေးဝေမှုလုပ်ပါ။
- ၀န်ကြီးအိမ်မှာမီးလာပြီး ရပ်ကွက်ထဲမှာမီးပျက်တယ်.။ အင်းလျားလမ်းမှာမီးလာပြီး ကန်တော်လေးမှာမီးဖြတ်တယ်။
- စစ်ဆေး၇ုံမှာမီးလာတယ် အလုပ်သမားဆေးရမီးမလာပါ။ုံ
( ၃ ) တာဝန်ယူမှုရှိပါ။
- ၀န်ကြီးလုပ်ပြီး စကားကို တာဝန်ယူပါ ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သည်
- ကြံခိုင်ရေးပါတီပီုင်မဟုတ်ပါ ။ ပြည်သူပိုင်ဖြစ်ပါတယ် ။
- တာဝန်သိသိ ရပ်ကွက်ထဲဆင်ပြီးရှင်းပြပေးပါ။ မဲပေးတုံးကတီဗီမှပေးတာမဟုတ်ပါ။
- အရှက်တရားနှင်.နေထိုင်ကျင်.ကြံပါ။