ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Thursday, May 17, 2012

အခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (ပေးစာ)


နေပြည်တော်မှ ဟိုတယ်တခု မြင်ကွင်း..
၁၄-၅-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ပြောကြားခဲ့ သော မိန့်ခွန်းတွင် ဟိုတယ်နှင်ခရီးသွား ကဏ္ဍ တိုးတက်ရေးနှင့် စပ်လျဉ်းပြီး လိုအပ်ချက်များ လမ်းညွှန်ခဲ့ပါကြောင်း သတင်းစာတွင် ဖတ်ရှုရပါသည်။ မှန်ပါသည်။ ဟိုတယ်နှင်ခရီးသွား ကဏ္ဍတိုးတက်ရန် ၀န်ဆောင်မှု ကောင်းသော ခရီးသွားလုပ်ငန်း များလိုအပ်သကဲ့သို့ ၀န်ဆောင်မှုကောင်းသော Reasonable Price ဟိုတယ်များ လိုအပ်ပါသည်။ ဟိုတယ်အများစုသည်..

အခန်းခဈေးနှုံးများကို သတ်မှတ်ချက် မထားဘဲ လိုသလို ဈေးခေါ်နေကြသည်။ သူတို၏ ဈေးနှုန်း သတ်မှတ်ချက် တွင် Rack Rate, Corporate Rate, NGO/ Embassies Rate စသည်ဖြင့် အခန်းတစ်ခန်း၏ အခန်းဈေးနှုန်းများကို အမျိုးမျိုး သတ်မှတ် ထားရှိပါသည်။ ဥပမာ Strand Hotel တွင်US$ ၁၂၀ တန် superior အခန်းတခန်းကို Rack Rate နှင့်ရောင်းပါက US$ ၅၅၀++ အဆိုပါအခန်းကိုပင် Corporate Rate, နှင့်ရောင်းပါက US$ ၁၅၀ NGO/ Embassies Rate နှင့်ရောင်းပါက US$ ၁၄၀ နှင့် ရောင်းပါသဖြင့် reservation မလုပ်ဘဲ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်အတွက် Rack Rate US$ ၅၅၀++ပေး တည်းခို ရပေတော့မည်။
နေပြည်တော် ကျောက်မျက်ပြပွဲ မြင်ကွင်းတခု..
 FIT ဧည့်သည်တွေအတွက် တည်းခိုနေထိုင်ရေး မလွယ်ကူတဲ့ပြသနာပါ။ အခြား ဟိုတယ် များလည်းအလားတူပါဘဲ။ နေပြည်တော် ဟိုတယ်တွေမှာ ကျောက်မျက်ပွဲတော် ကျင်းပတဲ့ အချိန်က ကျပ် ၃၅၀၀၀တန် အခန်းကို ကျပ်၇၀၀၀၀-၈၀၀၀၀ ဈးနဲ့ ငှားရမ်းကြတယ်။ Hospitality Industry လို့ ကြွေးကြော်နေကြတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ Hospitality ရဲ့အဓိပ္ပါယ်ကိုရော နားလည်ကြပါရဲ့လား။ ဟိုတယ်များပိုင်ရှင် ဟိုတယ်/ခရီးဝန်ကြီးရဲ့ နိုင်ငံခြားသားများ ၀င်ထွက်သွားလာမှု အဆင်ပြေစေရေးဆိုသော စီမံချက်နှင့်အတူ Warmly Welcome And Take Care of Tourist ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ရန်ကုန်မြို့လူစည်ကားရာ အရပ်တွေမှာ စိုက်ထူလို့ထားပါပြီ။ လက်တွေ့မှာ နိုင်ငံခြားသားတွေ တည်းခိုရန် ဟိုတယ်များက Reasonable Price ဟိုတယ်များဖြစ်ပါရဲ့လား။

 ဟိုတယ် များ Star သတ်မှတ်ရေး တခုတည်း အာရုံစိုက် မနေဘဲ မိမိ နိုင်ငံလာရောက်သည့် ဧည့်သည်များ အဆင်ပြေစွာ တည်းခို နေထိုင်နိုင်ရေး သည်သာအဓိက ဖြစ်ပါကြောင်း။ နိုင်ငံခြားသားတွေတော့ အများအပြားလာကြပြီ ငါတို့ဂွင်ထဲရောက်တုန်း အပီ ရိုက်လိုက်မယ်လို့ တစ်နပ်စားဥာဏ်နဲ့ လုပ်နေကြရင် ခရီးသွားလုပ်ငန်း တိုးတက်မှုကို နှောက်ယှက် ဟန့်တားသူများဟာ ဟိုတယ်လုပ်ငန်းရှင်များသာ ဖြစ်ပါလိမ့်မည် ဖြစ်ပါကြောင်း ဟိုတယ်များပိုင်ရှင် ဟိုတယ်/ခရီးဝန်ကြီး သိရှိနိုင်ပါရန် တင်ပြလိုက်ရပါတယ်။ Hospitality Industryရဲ့ အနက်အဓိပ္ပါယ်ကို ဟိုတယ်လုပ်ငန်းရှင်များ အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

သတင်း၊နေပြည်တော်ဝန်ထမ်းတဦး
ဓာတ်ပုံများ. ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

7 comments:

ကိုယ်ချင်းစာတရားလည်း ထားသင့်တာပေါ့။

ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေကို မတန်တဆဈေးတွေ တောင်းပြီး ဂွင်ရိုက်နေတဲ့ တရားမ၀င် တက္ကစီသမားတွေ ရှိနေပါတယ်။
သူတို့က လေဆိပ်လုံခြုံရေးကို ငွေပေးပြီး လုပ်စားနေကြတာပါ။
ပြည်ထဲရေးက ဒု ဗိုလ်ချုပ်ကြီးကိုကိုရေ ရန်ကုန်လေဆိပ်လုံခြုံရေးက ပြည်ထဲရေးက ရဲတွေ လက်ထဲရောက်နေပြီမို့ ခင်ဗျားမှာ တာဝန်ရှိနေပါတယ်။
အောင်မင်္ဂလာကားကြီးဝင်းမှာ အကြံအဖန်တက္ကစီတွေပြည့်နှက်နေပါတယ်။
အဲဒီမှာလဲ ရဲတွေက တက္ကစီသမားတွေဆီက ငွေယူပြီး ဂွင်ရိုက်နေပါတယ်။
ဦးကိုကိုရေ ၀န်ကြီးရုံးမှာ နှပ်ပြီး စာရေးမလေးတွေနဲ့ ဇိမ်ခံမနေနဲ့ဗျ။ အောက်ခြေက ကိုယ့်လူတွေ ဘာလေုပ်နေတယ်ဆိုတာလဲ ဆင်း ကြည့်ပါဦး။

ဟိုတယ်/ခရီးဝန်ကြီးဌာန က Star သတ်မှတ်တဲ့ စနစ်ကြောင့် ကျွှန်တော်တို့ဟိုတယ် လုပ်ငန်း
ရှင်တွေလည်းမသက်သာလှ ပါ International Standard အညီ သတ်မှတ်တယ် ဆိုပြီး ဒု-ညွှန် ချုပ်(ဒုတိယ ဗိုလ်မှူးကြီး ငြိမ်း)ဦးဌေးဝင်း ကပြောဆိုပြီး ရန်ကုန်ရွှေဂုံတိုင် ဟိုတယ်မှာ လာေ၇ာက်ပြီး ဇိမ်ခံသွားကြောင်းပါ။ သူအတွက်အားလုံး
Free ဧည့်ခံရပါတယ်။ Bank Accountထဲ ကို ၃၀၀၀၀၀ိ/ထည့်ပေးရပါတယ်။ှStar ထွက်လာတော့ Two Star ဘဲပေးပါတယ်။ အခြားဟိုတယ်တွေ လည်း အလားတူပါဘဲလာစစ်တဲ့ ရန်ကုန်က ညွှန်မှူး နဲ့ အဖွဲ့ ကိုလည်း အပြည့်အ၀ ဧည့်ခံရပါ တယ်။ Star လာစစ် တာ လား အေးဓါးပြလာတိုက်တာလား၊မသိနိုင်တော့ပါ။
International Standard အညီ ဆိုတာဘာတွေဘာလဲ ၊International မှာအဲဒီလိုပေးရပါလို့လား၊Star အကြောင်းပြပြီး အခွင်သာတုံး ဂွင်ဖန်တာမဟုတ်ပါလား။

ဟိုတယ်/ခရီးဝန်ကြီးက သူချမှတ်တဲ့လုပ်ငန်းရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဆောင်ရွက်နှို်င် တယ်ဆိုပြီး ညွှန်ကြားေ၇းမှူးကနေ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးပေးလိုက်သည်ဟု သိရှိ၇ပြီး ၀န်ကြီးကိုပါ လှည့်ပတ် ပြီး ၇ာထူးတိုးရေးပါ ဌာနတွင်း ကွက်ကျော်ရိုက် ဂွင်ဖန် သွားသည်ဟုနေပြည်တော် သတင်းရပ်ကွက်မှသိရှိ ရပါကြောင်း။

Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခ မှာဟိုတယ် တခုလျှင် ဦးစီးဌာနသို့ငွေ၁၀၀၀၀၀ိ/ ပေးသွင်းရမည်ဟုလည်းညွှန်ကြားသည်ဟုသိရှိရပါသည်။
Star မရလျှင်လည်း မရ ကြောင်းဆိုင်းဘုတ်ကို လာရောက်ချိတ်ဆွဲမှာဖြစ်ြ့ပီး ချိတ်ဆွဲခမှာဟိုတယ်တခု လျှင် ဦးစီးဌာနသို့ငွေ ၆၀၀၀၀ိ/ ပေးသွင်းရမည်ဟု လည်းညွှန်ကြားသည်ဟုသိရှိရပါသည်။

Star မရလျှင် မရ ကြောင်းဆိုင်းဘုတ် လာရောက်ချိတ်ဆွဲ ရန်ကော လိုအပ်ပါသလား၊
ှုInternational မှာေ၇ာဒီလိုပါဘဲလား
မိမိအရှက်ခွဲတဲ့ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြိးချိတ်ရမှာလား International Star သတ်မှတ်ေ၇းအဖွဲ့ေ၇ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး၊ အ၀တ်လျှော်စက် နဲ့ မီဖိုချောင်အသုံး အဆောင်တွေလည်းပိုလိုက်ပြီးပြါ့ပီ။
ရန်ကုန်က ဦးစီးဌာန ဟိုတယ်စစ်ဆေးရေးအဖွဲ့များ ကိုလည်း အိတ်ထဲထည့်ပေြး့ပီးပါပြီ Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခ မှာဟိုတယ်တခုလျှင် ဦးစီးဌာနသို့ငွေ၁၀၀၀၀၀ိ/ တရားဝင် ထပ်သွင်းရဦးမှာပါလားခင်ဗျာ။
မိမိအရှက်ခွဲတဲ့ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြိးချိတ်ရမှာလား ခင်ဗျာ။

ဝန်ကြီးေ၇ မသိတာလား မသိချင်ယောင်ဆောင်နေတာလားခင်ဗျာ။

လသာစည်ပင်လည်းအရမ်းတောင်း တယ်

ဟိုတယ်လုပ်ငန်းရှင်တွေရဲံ မကျေနပ်သံတွေ လည်း ဖတ်လိုက်ရပါတယ်။
ဟုတ်ပါတယ်သူတိုပြောသလို ဘဲ၊ အဆိုပါ DDG ကအပြောကောင်ြး့ပီး
ဝန်ကြီးကိုတောင်ကျအောင်ပြောနိုင်သဖြင့် ဒု-ညွှန်ချုပ်၇ာထူး ရတာ
ပူပူနွေးနွေးတစ်လဘဲရှိသေးကြောင်း ၊ပြီးခဲ့တဲ့ လက ၀န်ထမ်းPROMOTION
ပေးရာမှာလည်း ဟိုတယ်ပါမစ်ထုတ်ပေးသူ ၀န်ကြီး၇ုံးမှ လ/ထ ညွှန်ကြားရေးမှူး
အား ဒု-ညွှန်ကြားေ၇းမှူးသို့၎င်း ။ ဦးစီးဌာန ဟိုတယ်လိုင်စင်ဌာနခွဲ မှ လ/ထ
ညွှန်ကြားရေးမှူး အား ဒု-ညွှန်ကြားရေးမှူးသို့၎င်း ၊ အဆိုပါဌာနမှ ပင်
ဒု-ညွှန်ကြားရေးမှူး အား ညွှန်ကြားေ၇းမှူးရာထူးသို့၎င်းတိုးပေးခဲ့ကြောင်း
ကျန်အရာထမ်အမှုထမ်များငုတ်မေ့ရပါကြောင်း
ဟိုတယ်/ခရီးဝန်ထမ်းအသိုင်အ၀န်းမှသိရှိရပါသည်။
ထို့အပြင် ရန်ကုန်တိုင်ဒေသကြီးတာဝန်ခံအဖြစ်တာဝန်ပေးအပ်
လိုက်သူမှာမှာ
ရန်ကုန်တိုင်းSTAR အဆင့် စစ်ဆေးရေးတာဝန်ခံဖြစ်ပြီး
ရန်ကုန်တိုင်ဦးစီးမှူး အဖြစ်တာဝန်ပေးအပ်လိုက်သူမှာမှာ ရန်ကုန်တိုင်းSTAR
အဆင့် စစ်ဆေးရေးဒုတိယတာဝန်ခံဖြစ်ကြာင်းသိရှိရပါသည်။ Promotion တွင်
ဟိုတယ်ဆိုင်ရာလုပ်ငန်းများ ကိုင်တွယ်ဆောင်ရွက်နေသူ အရာထမ်းလူနည်းစု
(၇)ဦးခန့်သာရာထူး တိုးပေးပြီး ပညာရှင်များမပါဝင်ကြောင်း ။ဂွင်သမားမျာသာ
ရာထူးရရှိ သွားကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။
ဝန်ကြိးများအနေ ဖြင့် နာယက ဂုဏ့်(၆)ပါးနှင့်အညီ
ကျင်ကြံသင့်ပါကြောင်းအကျိုးမျှော်ပြီး နှိုးဆော်အပ်ပါကြောင်း။

Right Man Right place Management System ကို ၀န်ကြီးဌာန အားလုံးမှာ ကျင့်သုံးဆောင်ရွက်မှသာ good governance clean government ၇ည်မှန်းချက် အောင်မြင်နိုင်မည် ဖြစ်ပါသည်။